Friday, May 20, 2016

အနက်ရောင် အစက်လေး တစ်စက်

အနက်ရောင် အစက်လေး တစ်စက်

တစ်နေ့တော့ ပါမောက္ခဟာ စာသင်ခန်းထဲကို ဝင်လာတယ်။
ပြီးတော့ ကျောင်းသားတွေ အားလုံးရဲ့ ရှေ့မှာ စာရွက်ဖြူ တစ်ရွက်ကို ထောင်ပြ လိုက်ပါတယ်။ အဲဒီစာရွက်ဖြူ တစ်ရွက်ပေါ်မှာ အနက်ရောင် အစက်လေး တစ်စက်လည်း ပါပါတယ်။

ပါမောက္ခဟာ ကျောင်းသားတွေ အားလုံးကို မင်းတို့မြင်တဲ့ အရာတွေ ချပြီး စာရွက်ပေးမှာ ရေးပါလို့ ပြောလိုက်ပါတယ်။ ကျောင်းသားတွေ အားလုံးဟာ သူတို့မြင်တဲ့ အရာတွေကို သူတို့ရဲ့ စာရွက်ပေါ်မှာ ချပြီး ရေးကြတာပေါ့။ ဘာတွေ ရေးလည်း ဆိုတော့ စာရွက်ပေါ်မှာ အနက်ရောင် အစက်လေး မြင်တယ်။ အခြားသူတွေက အနက်ရောင် အစက်လေး တစ်စက်တွေ့ပါတယ်။ တစ်ချို့ကလည်း အဖြူပေါ်က အနက်ရောင် အစက်လေး တစ်စက် စသဖြင့် အနက်ရောင် အစက်လေးကိုပဲ ဦးတည်ပြီး ရေးကြပါတယ်။

အာလုံးမြင်သမျှတွေ့ သမျှကို ရေးလို့ပြီးတော့ ဆရာဖြစ်သူက လိုက်ပြီး အဖြေတွေကို စစ်ဆေးပါတယ်။ အတန်းကြီး တစ်ခုလုံးလည်း
ခေတ္တငြိမ်သက်နေပါတယ်။ ပြီးတော့ ဆရာက ပြောတယ်။ မင်းတို့အားလုံး ရေးတာ မမှားပါဘူး။ သို့သော် မင်းတို့အားလုံးဟာ
ဒီလောက်ကြီးတဲ့ စာရွက်အဖြူကြီးကို အာရုံမစိုက်ဘဲ ဒီအနက်ရောင် အစက်လေးပဲ အာရုံစိုက် တာကတော့ စဉ်စားစရာပါ။

သင်ခန်းစာ - လောကမှာ အမှန်တရားတွေ ဘယ်လောက်များများ ရှိပါစေ။ အမှားလေး တစ်ခုများ လုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားလေးကိုပဲ လူတွေက မြင်ပါတော့တယ်။

Ref : rishikajain
ကျော်လင်းနိုင်(ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#health_yyl


No comments:

Post a Comment