Monday, May 23, 2016

ကျွန်တော်နဲ့ ဖယောင်းတိုင်

ကျွန်တော်နဲ့ ဖယောင်းတိုင်
•°•°•°•°•°•°•°•°•°•°•°•°•°

အမှောင်ကျနေတဲ့ အခန်းငယ်တစ်ခုမှာ အလင်းပေးနိုင်ဖို့ နှစ်နည်းရှိတယ် ဆိုပါစို့။ တစ်နည်းက ဖယောင်းတိုင်နဲ့ အလင်းပေးလို့ ရသလို ဖယောင်းတိုင်အလင်းကို တဆင့် မှန်နဲ့ အလင်းပြန်စေပြီး ပေးလည်း ရတာပါပဲ။

ဖယောင်းတိုင်လို အလင်းပေးတဲ့လူကတော့ နည်းနည်းတော့ လောင်ကျွမ်းခံ ရပေမယ့် အလင်းပေးရတဲ့ ပီတိနဲ့ ခံစားချက်ကို ခုံမင်မိနေဆဲပါ။ ဖယောင်းတိုင် ငြိမ်းလို့ မှောင်သွားတာထက် လောင်ကျွမ်းခံရတာကို ကျေနပ်တယ်။ ဆက်လောင်ကျွမ်းဖို့အတွက် အားအင်တွေ အများကြီး လိုတယ်။ ကြိုးစား ရှာဖွေစုဆောင်းရင်း အလင်းရောင် မျှဖို့ အားအင်တွေ ရှိနေမှ ဖြစ်မယ်။

ပူလောင်ပေမယ့် စွမ်းအင်တွေ ရှိတယ်။ ရက်ရက်စက်စက် ပျော်ကျနေသယောင်နဲ့ ပျော့ပြောင်းတယ်။ ကိုင်တွယ်ရတာ သတိထားရပေမယ့် အသုံးပြုတတ်ရင် လိုရာပုံဖော်လို့ရတယ်။ ဒါပေမယ့် အသေအချာ စနစ်တကျ အကျိုးရှိအောင် ဘယ်လိုသုံးရမှန်း သေချာမသိရင်တော့ ဖယောင်းတိုင်လေးတစ်တိုင်ဟာ သိပ်ပူလောင်စေပါတယ်။

ဖယောင်းတိုင်လေးတစ်တိုင် ဖြစ်ချင်တာ ကျွန်တော့် အိပ်မက်ပါ။

သင်ကရော ဘယ်လို အလင်းပေးချင်တဲ့လူမျိုး လဲ?
ဖယောင်းတိုင်လား?
မှန်လိုမျိုးလား?

ဖယောင်းတိုင်လေးတစ်တိုင်ဟာ လောင်ကျွမ်းဖို့ ကြိုးစားနေဆဲပါ။

Credit;htetzanlinn


No comments:

Post a Comment