Wednesday, May 25, 2016

နှလုံး​ရောဂါ

လူတွေသက်တမ်းစေ့မနေရအောင်
အများဆုံးသတ်နေတဲ့အရာက နှလုံး ဖြစ်ပါတယ်။

နှလုံး ရုတ်တရက် ရပ်မသွားအောင်
ကာကွယ်နိုင်ဖို့အတွက် တစ်ရက်ကို
မိနစ်ဝက် ၃ ကြိမ်နဲ့ နာရီဝက် ၃ ကြိမ်
အချိန်ပေးရပါမယ်။

" မိနစ်ဝက် ၃ ကြိမ် "
၁။မနက်အိပ်ယာ စနိုးတဲ့အခါ ချက်ချင်း မထပါနဲ့
မိနစ်ဝက် ဆက်လှဲနေပါ။
၂။မိနစ်ဝက်လှဲပြီးလျင် မိနစ်ဝက် ထိုင်နေပါ။
၃။မိနစ်ဝက်ထိုင်ပြီးလျင် မိနစ်ဝက် ရပ်နေပါ။

ပြီးပါပြီ တနေ့အတွက် မိနစ်ဝက် ၃၀ စက္ကန့် ၃ မျိုး။
တနေကုန်လွတ်လွတ်လပ်လပ်နေနိုင်ပါပြီ။
အဲဒီလောက်လုပ်နိုင်ရင်ဘဲ နှလုံးမထိခိုက်တော့
ဘူးလို့ သိရပါတယ်။ လူကြီးတွေကိုပြန်ပြောပြ
ပေးကြပါခင်ဗျာ။ မိနစ်ဝက်တိုင်းမှာ အာနာပါန
ဝင်လေထွက်လေ ရှုနေမယ်ဆိုရင် ပိုကောင်းမယ်လို့
ဖြည့်စွက်ပြောချင်ပါတယ်။ ကျမ္မာရေးအတွက်
နာရီဝက် ၃ မျိုးဆက်ပြောပါမယ်။

" နာရီဝက် ၃ ကြိမ် "
၁။အိပ်ယာထ နာရီဝက် ကိုယ်လက်လှုပ်ရှားပါ။
၂။နေ့လည်ခင်း နာရီဝက် အိပ်ပါ။
၃။ညအိပ်ယာမဝင်ခင် နာရီဝက် ကိုယ်လက်လှုပ်ရှားပါ

နာရီဝက် ၃ မျိုးက လူငယ်တွေအတွက်မသိသာ
ပေမဲ့ ၃၀ ကျော်အရွယ်တွေအတွက် ကျမ္မာရေး
အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။

ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်ခင်ကြိုတင်
ကာကွယ်ခြင်းက အကျိုးကျေးဇူးပိုများမှာဖြစ်ပါတယ်။
မိမိတို့ရဲ့ လူကြီးသူမများကို ပြန်ပြောခြင်းဖြင့်
ဇီဝိတဒါန ကုသိုလ်ယူကြပါခင်ဗျား။

ကျမ္မာချမ်းသာကြပါစေ

ပေါ်တင့်
(22-10-2015)

(မောင်မောင်လှိုင်-အပ်စိုက်ကု ရေးသားသော
ကျန်းကျန်းမာမာသက်တစ်ရာ~စာအုပ်ကို
မှီငြမ်းပါသည်။)

Paw Tint ဖေ့ဘွတ်မှ


No comments:

Post a Comment