Sunday, May 15, 2016

Focus

"     FOCUS  လုပ်ဖို့ လိုတယ်    "

တစ်ခါတုန်းကနာမည်ကျော်ကမ္ဘာ့အချမ်းသာဆုံး
သူဌေးကြီး၂ယောက်ဖြစ်တဲ့ Bill Gates နဲ့ Warren Buffett တို့ညစာစားပွဲတစ်ခုမှာ
တွေ့ကြပါတယ်။ ညစာစားပွဲမှာ Bill Gatesရဲ့
အမေက ရုတ်တရက် စားသောက်နေသူ
အားလုံးကိုမေးခွန်းတစ်ခုမေးလိုက်ပါတယ်။
မေးခွန်းကတော့”ဘ၀မှာအောင်မြင်ဖို့က
ဘယ်အချက်ကအရေး
ကြီးဆုံး ဖြစ်ပါသလဲ” တဲ့။ အဲဒီအချိန်မှာ Bill Gates ရောWarren Buffettရော ပြိုင်တူပြောလိုက်တဲ့စကားက
တော့ “Focus”(အာရုံစူးစိုက်မှု) ပါ။

အရမ်းကိုတန်ဖိုးရှိတဲ့စကားပါ။စကားလုံးတစ်လုံးတည်းနဲ့အရမ်းကို ထိရောက်ပါတယ်။
ဟုတ်ပါတယ်။ မအောင်
မြင်တဲ့လူတော်တော်များများကအာရုံစူးစိုက်မှုအားနည်းကြပါတယ်။ မရှိသေးတဲ့အရာတွေကိုပဲ အရမ်းတန်ဖိုးထားတတ်ကြပါတယ်။
ရှိနေတဲ့အရာ လတ်တလောလုပ်
နေတဲ့အရာတွေကိုတော့အမြဲအပြစ်တင်ဝေဖန်
နေတတ်ပါတယ်။အောင်မြင်တဲ့သူတွေကတော့အာရုံစူးစိုက်မှုအပြည့်ရှိတာကိုတွေ့ရပါလိမ့်မယ်။
အောင်မြင်တဲ့သူတွေကသူတို့မလုပ်ချင်တဲ့ အရာတွေမှာတောင် အာရုံ
စူးစိုက်မှုအားကောင်းတတ်ကြပါတယ်။

ဘာပဲလုပ်လုပ်အာရုံစူးစိုက်ဖို့အရမ်းအရေးကြီးပါတယ်။သူများဘာပြောချင်လဲမသိ သူများစကားပြောနေရင်
တောင်ကြည့်မြောက်ကြည့်နဲ့သူတို့ပြောချင်တာပဲအရမ်းပြောနေတဲ့ စိတ်အနှောက်အယှက်ဖြစ်ဖွယ်လူတွေ
ကြုံဖူးမှာပေါ့။လူမှုဆက်ဆံရေးမှာတောင် သူများပြောတာကို အာရုံစူးစိုက်ပြီးနားထောင်
တတ်ရင် သင့်ကိုလူချစ်လူခင်များပါတယ်။

သင်အာရုံစူးစိုက်ပြီးလုပ်တဲ့အလုပ်နဲ့ အာရုံစူးစိုက်မှုအားနည်းတဲ့အလုပ်
အောင်မြင်မှုခြင်းကွာ ခြားတာကို
သင်ကိုယ်တိုင်ကြုံဖူးမယ်ထင်ပါတယ်။ကဲ ကမ္ဘာကျော်သူဌေးကြီးနှစ်ယောက်ပြိုင်တူ
ပြောလိုက်တဲ့စကားအတိုင်းအခုအချိန်ကစပြီး
ဘ၀မှာအောင်မြင်ဖို့ ဘာပဲလုပ်လုပ်
FOCUS အာရုံစူးစိုက်ကြဖို့ လိုပါတယ်

Source : #မိုးရှင်း (I.M.T)
Credit: Min Yar Pyae


No comments:

Post a Comment